ဆရာဟာ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းကြီးများမှာ Learn Today, Apply Tomorrow ဟူသော Mission ဖြင့် သင်ကြားပြီးသည်နှင့် ချက်ချင်းလက်တွေ့ အသုံးချနိုင်သော စီမံခန့်ခွဲမှု ဆိုင်ရာ Corporate Training သင်ခန်းစာများကို အောက်ခြေဝန်ထမ်း အဆင့်ဆင့်မှစ၍ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များအဆင့်ထိ လေ့ကျင့် သင်ကြားပေးနေသူ တစ်ဦး ဖြစ်ပါတယ်။ Customer Service ဆိုင်ရာ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး Samsung(Korea), Schaeffler(Germany), Sampoerna (Indonesia) စသည့် နိုင်ငံတကာ အမှတ် တံဆိပ် ကုမ္ပဏီ ကြီးများတွင် Sales & Marketing တာဝန်များဖြင့် မြန်မာပြည် ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများတွင် လှည့်လည်ကာ အနှစ် (၂၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။၂၀၁၀ ခုနှစ်မှစ၍ သင်တန်းများ စတင်ပေးခဲ့ပြီး ၂၀၁၆ တွင် Kudos To You Professional Development Academy နှင့် Mahar Shopper - Mystery Shopping Services များတည်ထောင်ပြီး သင်တန်းများအပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဘဏ်လုပ်ငန်းများ၊ Cosmetic and Skin Care လက်လီဆိုင်ခွဲများ၊ Electronic and Mobile လက်လီဆိုင်များ အတွက် သုတေသန နှင့် Mystery Shopper Services (Customer စိတ်ကျေနပ်မှုဆိုင်ရာ အဆင့်သတ်မှတ်ခြင်း နှင့် အကြံပေးခြင်း) လုပ်ငန်းများ ကိုလည်းကောင်း ၊ ၂၀၁၇ ခုနှစ် မှစ၍ မိတ်ဆွေများ နှင့်အတူ Digiware Distribution Co.,Ltd ၏ Partner & BOD တာဝန်ဖြင့် IT Products များ ဖြန့်ချီခြင်းကိုလည်း ကောင်းဆောင်ရွက်နေပါသည်။